သို့သော် ယဇ်ပုရောဟိတ်သည် မိမိငွေဖြင့် တစ်စုံတစ်ယောက်ကို ဝယ်ထားလျှင် ထိုသူသည် စားခွင့်ရှိ၏။ သူ၏အိမ်၌ မွေးဖွားသောသူတို့သည်လည်း သူ၏အစားအစာကို စားခွင့်ရှိ၏။
သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
ပ ရော ဟိတ်၏ ငွေ ဝယ် လူ နှင့် အိမ် ပေါက် သား တို့ မူ ကား ပ ရော ဟိတ် ဆွမ်း ကို စား ခွင့် ရှိ၏။
ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
သင်၏အိမ်၌မွေးဖွားသောသူဖြစ်စေ၊ သင်၏ငွေဖြင့်ဝယ်ထားသောသူဖြစ်စေ အရေဖျားလှီးခြင်းကို မုချခံရမည်။ ဤသို့အားဖြင့် ငါ၏ပဋိညာဉ်သည် ထာဝရပဋိညာဉ်အဖြစ် သင်တို့၏အသားတွင်တည်လိမ့်မည်။
သို့သော် ငွေဖြင့်ဝယ်ထားသောမည်သည့်ကျွန်ယောက်ျားမဆို အရေဖျားလှီးခြင်းကိုခံပြီးလျှင် စားနိုင်၏။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
ယဇ်ပုရောဟိတ်၏သမီးသည် သာမန်လူနှင့် ယူလျှင် သူသည် သန့်ရှင်းသောအလှူပစ္စည်းကို စားခွင့်မရှိ။
ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။