ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
ဝတ်ပြု 20:12 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။ Common Language Bible တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် ချွေး မ နှင့် အိပ် စက် လျှင် နှစ် ဦး လုံး မု ချ သေ ဒဏ် ခံ ကြ စေ။ ဓ မ္မ တာ တ ရား ကို ဖျက် သော ကြော့င် ချင်း တို့ အ သွေး သည် ချင်း တို့ အ ပေါ်၌ တည် ၏။ Judson Bible ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဖွယ်သောရောနှောခြင်းကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ |
ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။
သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
သင့်ချွေးမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်သား၏မယားဖြစ်၏။ သူနှင့်ဆက်ဆံခြင်းကိုမပြုရ။
တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
‘မိမိယောက္ခမနှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။