သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
ဝတ်ပြု 19:15 - မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။ Common Language Bible ``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။- Garrad Bible တ ရား မ လွဲ ရ။ နွမ်း ပါး သူ့ မျက် နှာ ကို မ ညှာ၊ ကြီး မြင့် သူ့ မျက် နှာ ကို မ ငဲ့ ဘဲ သူ့ အ မှု ကို တ ရား နှင့် အ ညီ စီ ရင် လော့။ Judson Bible တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။ |
သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ မည်သူ့ကိုမျှ မျက်နှာချိုသွေးပြီး မပြောပါ။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ)
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။
တရားစီရင်ရာတွင်ဖြစ်စေ၊ တိုင်းထွာရာတွင်ဖြစ်စေ၊ ချိန်တွယ်ရာတွင်ဖြစ်စေ၊ ရေတွက်ရာတွင်ဖြစ်စေ မတရားသဖြင့်မပြုလုပ်ရ။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။