တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။
ဝတ်ပြု 18:9 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်တစ်အိမ်တည်း၌မွေးသော၊ သို့မဟုတ် အခြားတစ်နေရာရာ၌မွေးသော သင့်ဖခင်၏သမီး၊ သို့မဟုတ် သင့်မိခင်၏သမီးဖြစ်သည့် သင်၏နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။ Common Language Bible နှမအရင်းနှင့်သော်လည်းကောင်း၊ တစ်အိမ် တည်းသို့မဟုတ် အိမ်ခွဲ၍ကြီးပြင်းလာသော ဖအေပါ၊ မအေပါသမီးနှင့်သော်လည်း ကောင်း ကာမစပ်ယှက်ခြင်းမပြုရ။- Garrad Bible နှ မ ရင်း ကို ဖြစ် စေ၊ မိ တူ ဖ ကွဲ နှ မ ကို ဖြစ် စေ မ ဆက် ဆံ ရ။ Judson Bible တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ |
တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။
သင့်သား၏သမီး၊ သို့မဟုတ် သင့်သမီး၏သမီးကို ရှုတ်ချခြင်းအမှုဖြစ်သည့် သူတို့နှင့်ဆက်ဆံခြင်းအမှုကိုမပြုရ။ အကြောင်းမူကား ထိုအမှုတို့သည် သင့်ကိုယ်သင်ရှုတ်ချခြင်းဖြစ်၏။
သင်၏အဖေတူအမေကွဲ အစ်မ၊ သို့မဟုတ် နှမကိုရှုတ်ချခြင်းအမှုဖြစ်သည့် သူနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
‘မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမနှင့် မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။