သင်တို့သည် ထိုပြည်ကိုညစ်ညူးစေလျှင် ပြည်သည် သင်တို့ရှေ့၌ရှိသောလူမျိုးကိုအန်ထုတ်သကဲ့သို့ သင်တို့ကိုလည်း အန်ထုတ်လိမ့်မည်။
သို့ပြုလျှင်သင်တို့အလျင်နေထိုင်ခဲ့သော သူများကဲ့သို့ သင်တို့သည်ထိုပြည်မှနှင် ထုတ်ခြင်းခံရမည်မဟုတ်။-
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘လူတို့က သင်တို့အား သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူဖြစ်၏ဟူ၍ ဆိုကြ၏’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ အစ္စရေးအမျိုးတို့သည် မိမိတို့ပြည်၌နေထိုင်စဉ်က သူတို့၏အပြုအမူအကျင့်အကြံများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ သူတို့၏အပြုအမူအကျင့်အကြံတို့သည် ဓမ္မတာလာသောမိန်းမ မစင်ကြယ်သကဲ့သို့ဖြစ်၏။
ထို့ကြောင့် သူတို့၏ပြည်သည်လည်း ညစ်ညူး၏။ သို့ဖြစ်၍ ပြည်၏ဒုစရိုက်ကြောင့် ငါဒဏ်ခတ်သဖြင့် ပြည်သည် ပြည်သူပြည်သားတို့ကို အန်ထုတ်လေပြီ။
အကယ်စင်စစ် သင်တို့မတိုင်မီ ထိုပြည်၌နေထိုင်သောလူတို့သည် ထိုစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကိုပြုကျင့်ကြသဖြင့် ပြည်သည် ညစ်ညူးလေပြီ။
အကယ်စင်စစ် ထိုစက်ဆုပ်ရွံရှာဖွယ်များထဲမှတစ်စုံတစ်ရာကို ပြုကျင့်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
သင်တို့ကို ငါပို့ဆောင်၍ သင်တို့နေထိုင်သည့်ပြည်သည် သင်တို့ကို မအန်ထုတ်မည့်အကြောင်း ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။
ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။
သင်သည် ဤသို့ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်၊ မပူမအေးဖြစ်နေသောကြောင့် သင့်ကို ငါ့ခံတွင်းထဲမှ ထွေးထုတ်တော့မည်။