မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။
ဝတ်ပြု 18:17 - မြန်မာ့စံမီသမ္မာကျမ်း မယားပါသမီးနှင့် ဆက်ဆံခြင်းကိုမပြုရ။ သူ၏မြေးကို ဆက်ဆံခြင်းပြုရန် မယူရ။ သူတို့သည် ထိုမိန်းမနှင့်ဆွေမျိုးတော်စပ်သူဖြစ်၏။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ Common Language Bible သင်နှင့်ကာမစပ်ယှက်ဖူးသောမိန်းမ၏သမီး နှင့်ဖြစ်စေ၊ သူ၏မြေးမိန်းမနှင့်ဖြစ်စေကာမ စပ်ယှက်ခြင်းမပြုရ။ ထိုသို့ပြုလျှင်သင်တို့ သည်သင်နှင့်သွေးနီးစပ်သူများဖြစ်နိုင်သဖြင့် သင်သည်သွေးနီးစပ်သူနှင့်ဖောက်ပြန်ခြင်း အပြစ်ကိုကူးလွန်လိမ့်မည်။- Garrad Bible မ ယား ပါ သ မီး ကို လည်း ကောင်း၊ မြေး မ ကို လည်း ကောင်း မ ဆက် ဆံ ရ။ နီး စပ် သူ ဖြစ်၍ အ ဗြ ဟ္မ မှု ဖြစ် ၏။ Judson Bible ကိုယ်မယား၏ပေါက်ဖော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။ |
မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။
တစ်စုံတစ်ယောက်သည် သမီးကိုရောအမေကိုပါ မယားအဖြစ်ယူလျှင် ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ သင်တို့ထဲ၌ ညစ်ညမ်းသောအမှုမရှိစေရန် ထိုသူနှင့်တကွ မိန်းမနှစ်ဦးစလုံးကို မီးရှို့ပစ်ရမည်။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
‘မိမိယောက္ခမနှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။