သင်၏အဖေတူအမေကွဲ အစ်မ၊ သို့မဟုတ် နှမကိုရှုတ်ချခြင်းအမှုဖြစ်သည့် သူနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။
ဝတ်ပြု 18:10 - မြန်မာ့စံမီသမ္မာကျမ်း သင့်သား၏သမီး၊ သို့မဟုတ် သင့်သမီး၏သမီးကို ရှုတ်ချခြင်းအမှုဖြစ်သည့် သူတို့နှင့်ဆက်ဆံခြင်းအမှုကိုမပြုရ။ အကြောင်းမူကား ထိုအမှုတို့သည် သင့်ကိုယ်သင်ရှုတ်ချခြင်းဖြစ်၏။ Common Language Bible သင်၏မြေးမိန်းမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ သင့်ကိုယ်ကိုသင်အရှက်ခွဲရာ ရောက်လိမ့်မည်။- Garrad Bible သင့် ရင် သွေး ဖြစ် သော မြေး မ ကို မ ဆက် ဆံ ရ။ Judson Bible ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။ |
သင်၏အဖေတူအမေကွဲ အစ်မ၊ သို့မဟုတ် နှမကိုရှုတ်ချခြင်းအမှုဖြစ်သည့် သူနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။
သင်နှင့်တစ်အိမ်တည်း၌မွေးသော၊ သို့မဟုတ် အခြားတစ်နေရာရာ၌မွေးသော သင့်ဖခင်၏သမီး၊ သို့မဟုတ် သင့်မိခင်၏သမီးဖြစ်သည့် သင်၏နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။