သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
ဝတ်ပြု 17:16 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အဝတ်မလျှော်၊ ရေမချိုးလျှင် ကိုယ့်အပြစ် ကိုယ်ခံရမည်”ဟု သူတို့အား ပြောကြားရမည်။ Common Language Bible ထိုပညတ်ကိုမလိုက်နာသူသည် မိမိ အပြစ်၏ဆိုးကျိုးဆက်ကိုခံရမည်။ Garrad Bible အ ဝတ် လျှော် ခြင်း၊ ရေ ချိုး ခြင်း မ ပြု လျှင် မူ ကား ဒု စ ရိုက် ဝန် ကို ထမ်း ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible အဝတ်ကိုမလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကိုကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော်မူ၏။ |
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
စားမိသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောယဇ်ကို ညစ်ညူးစေသည်ဖြစ်၍ ကိုယ့်အပြစ် ကိုယ်ခံရမည်။ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်”ဟု ပြန်၍မိန့်တော်မူ၏။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။