အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။
ဝတ်ပြု 16:10 - မြန်မာ့စံမီသမ္မာကျမ်း အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်။ Common Language Bible အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။ Garrad Bible အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် သည့် ပြင် ကင်း ရှင်း မှု အ ဖို့ မဲ ကျ ရာ ဆိတ် ပေါ် တွင် အ ပြစ် အ တွက် ဖြေ ခြင်း ကို ပြု ပြီး နောက် ကင်း ရှင်း မှု အ ဖို့ တော သို့ လွှတ် ခြင်း ငှါ ထာ ရ ဘု ရား ရှေ့ အ ရှင် ထား ရ ဦး မည်။ Judson Bible လွတ်လပ်လဟာအဖို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။ |
အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။
အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။
အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။
သခင်ယေရှုသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် အပ်နှံခြင်းကိုခံရပြီး ငါတို့ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရရန်အတွက် ထမြောက်တော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။