ဝတ်ပြု 16:10 - Common Language Bible10 အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible10 အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် သည့် ပြင် ကင်း ရှင်း မှု အ ဖို့ မဲ ကျ ရာ ဆိတ် ပေါ် တွင် အ ပြစ် အ တွက် ဖြေ ခြင်း ကို ပြု ပြီး နောက် ကင်း ရှင်း မှု အ ဖို့ တော သို့ လွှတ် ခြင်း ငှါ ထာ ရ ဘု ရား ရှေ့ အ ရှင် ထား ရ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible10 လွတ်လပ်လဟာအဖို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။