ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။
ဝတ်ပြု 15:15 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ Garrad Bible ပ ရော ဟိတ် သည် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် တစ် ကောင် ဆက် ကပ် ရာ ထာ ဝ ရ ဘု ရား ရှေ့ ရိ ယို ခြင်း အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။ Judson Bible ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ရိနာစွဲသောသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။ |
ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။
၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
တွားသွားသတ္တဝါရှိသမျှတို့တွင် ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဖြစ်၏။ ထိုအကောင်များသေသောအခါ အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များထဲမှ တစ်ကောင်ကောင်သေလျှင် ထိုအသေကောင်ကိုထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် ၎င်းကို ထာဝရဘုရား၏ရှေ့တော်၌ ပူဇော်၍ ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် သွေးဆင်းခြင်းမှ စင်ကြယ်လိမ့်မည်။ ဤသည်ကား သားယောက်ျားကိုဖြစ်စေ၊ သမီးမိန်းကလေးကိုဖြစ်စေ မွေးဖွားခြင်းနှင့်ဆိုင်သောပညတ်တရားဖြစ်၏။
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို ပူဇော်သည့်အတိုင်း ဤနွားထီးကို ပူဇော်ရမည်။ ထိုသို့ပူဇော်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
ထာဝရယဇ်ပုရောဟိတ်အရိုက်အရာဆိုင်ရာပဋိညာဉ်သည် သူမှစ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်အတွက်ဖြစ်၏။ အကြောင်းမူကား သူသည် မိမိ၏ဘုရားသခင်အစား သဝန်တို၍ အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောကြောင့် ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။