သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ဝတ်ပြု 15:12 - မြန်မာ့စံမီသမ္မာကျမ်း အရိအရွဲထွက်သူ ထိမိသောမြေအိုးကို ခွဲပစ်ရမည်။ သူထိမိသော သစ်သားအသုံးအဆောင်တိုင်းကို ရေဆေးရမည်။ Common Language Bible ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။ Garrad Bible ထိ သော မြေ အ သုံး အ ဆောင် ကို ခွဲ စေ။ သစ် သား အ သုံး အ ဆောင် ကို ထိ လျှင် ရေ ဆေး စေ။ Judson Bible ရိနာစွဲသောသူထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။ |
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။
ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။ ၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
အရိအရွဲထွက်သူသည် မိမိလက်ကိုရေမဆေးဘဲ တစ်စုံတစ်ယောက်ကိုထိမိလျှင် အထိခံရသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။
ထိုအသားပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ ကြေးနီအိုးဖြင့်ပြုတ်လျှင် အိုးကိုတိုက်ချွတ်၍ ရေဖြင့်ဆေးရမည်။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။