အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
ဝတ်ပြု 14:48 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ကိုသရွတ်ကိုင်ပြီးနောက် ယဇ်ပုရောဟိတ်သည် လာ၍ကြည့်ရှုစစ်ဆေးသောအခါ အနာသည် အိမ်ထဲ၌ ပျံ့သွားခြင်းမရှိလျှင် အနာပျောက်ကင်းပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် ထိုအိမ်အား စင်ကြယ်သည်ဟု ကြေညာရမည်။ Common Language Bible အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။- Garrad Bible တိုက် မွမ်း မံ ခြင်း ပြု ပြီး နောက် ပ ရော ဟိတ် သွား ရောက် ရှု ကြည့် ရာ အ မှတ် လ က္ခ ဏာ မ တိုး ကြောင်း တွေ့ လျှင် မူ ကား အ မှတ် လ က္ခ ဏာ ကင်း ပျောက် သ ဖြင့် တိုက် သန့် သည် ဟု ဖော် ပြ လျက်၊ Judson Bible ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွားလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။ |
အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
ယဇ်ပုရောဟိတ်သည် တပ်စခန်း၏အပြင်ဘက်သို့ထွက်လာ၍ သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာကြီးရောဂါစွဲခဲ့သောသူ၌ အနာကြီးရောဂါ၏အနာသည် ပျောက်ကင်းလျှင်
ကျောက်တုံးများကိုထုတ်ပစ်ပြီး၊ အိမ်ကိုခြစ်ထုတ်ပြီး၊ သရွတ်ကိုင်ပြီးဖြစ်သော်လည်း အိမ်ထဲ၌ အနာပြန်၍ပြန့်ပွားလျှင်
ထိုအိမ်ထဲ၌ အိပ်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုအိမ်ထဲ၌စားသောက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။
အိမ်ကိုသန့်စင်စေရန်အတွက် ငှက်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်။
ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားသဖြင့် သူသည် ရောဂါဝေဒနာပျောက်ကင်းသွားကြောင်း မိမိကိုယ်ခန္ဓာ၌ ခံစားသိရှိရ၏။
ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။
ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။