မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
ဝတ်ပြု 14:40 - မြန်မာ့စံမီသမ္မာကျမ်း အနာစွဲနေသောကျောက်တုံးများကို ထုတ်ပစ်၍ မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ လွှင့်ပစ်ရမည်ဟု ယဇ်ပုရောဟိတ်မိန့်မှာရမည်။ Common Language Bible ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။- Garrad Bible ပ ရော ဟိတ် မိန့် မှာ သည့် အ တိုင်း အ မှတ် လ က္ခ ဏာ ရှိ သော ကျောက် များ ကို ထုတ် လျက် မြို့ ပြင် မ စင် ကြယ် သော အ ရပ် သို့ ပစ် လိုက် ခြင်း၊ Judson Bible အနာစွဲသော ကျောက်တို့ကိုနုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှာ ယဇ်ပုရောဟိတ်စီရင်၍၊ |
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
ပြက်ရယ်ပြုတတ်သောသူကို နှင်ထုတ်လော့။ သို့ပြုလျှင် အငြင်းပွားမှုသည် ထွက်သွား၍ ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် တစ်ဖန်လာ၍ ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အိမ်နံရံပေါ်၌ ပျံ့သွားလျှင်
အိမ်အတွင်းပတ်ပတ်လည်ကို ခြစ်ထုတ်၍ ထိုခြစ်ထုတ်သောအမှုန့်ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာ၌ သွန်ပစ်ရမည်။
ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။
သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။
အပြင်လူတို့ကိုမူကား ဘုရားသခင်စီရင်တော်မူလိမ့်မည်။ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ဖယ်ရှားကြလော့။
ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
သို့ရာတွင် ဤတစ်ချက်ကား သင်၌ရှိ၏။ ငါမုန်းသော နိကောလဂိုဏ်းဝင်များ၏လုပ်ဆောင်မှုတို့ကို သင်လည်းမုန်း၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။