Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 2:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့ရာတွင် ဤ​တစ်ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိကောလ​ဂိုဏ်းဝင်​များ​၏​လုပ်ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​နိ​ကော​လ​၏​တ​ပည့်​တို့​ကျင့်​ကြံ​ပုံ ကို ငါ​မုန်း​သ​ကဲ့​သို့​သင်​လည်း​မုန်း​သ​ဖြင့်​သင့် အား​ချီး​မွမ်း​စ​ရာ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ချီး မွမ်း ဖွယ် ရာ ကား ငါ ရွံ ရှာ သော နိ ကော လ ဂိုဏ်း သား တို့ အ ကျင့် အ ကြံ များ ကို သင် ရွံ ရှာ ခြင်း တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သို့​သော်​လည်း ငါ​မုန်း​သော​နိ​ကော​လ တ​ပည့်​တို့၏ အ​ကျင့်​ကို သင်​လည်း​မုန်း​သည်​ဟု ပြော​စ​ရာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့သော် သင်​၌ ကောင်းမွန်သည့် အချက်​တစ်ချက်​ရှိသေး၏။ နိကောလ​တပည့်များ​၏​အကျင့်တို့​ကို ငါ​မုန်း​သကဲ့သို့ သင်​လည်း​မုန်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 2:6
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။


ဆိုးညစ်​သော​အမှုအရာ​ကို အကျွန်ုပ်​မျက်မှောက်​မ​ပြု​ပါ​။ လမ်းလွဲ​သော​သူ​တို့​ပြု​သော​အမှု​ကို​လည်း အကျွန်ုပ်​မုန်း​သည်​ဖြစ်၍ အကျွန်ုပ်​ကို ငြိတွယ်​မည်​မ​ဟုတ်​ပါ​။


ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အစုအဝေး​ကို မုန်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​နှင့်​လည်း အတူ​ထိုင်​မည်​မ​ဟုတ်​ပါ​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ