ငါတို့နိမ့်ကျလျက်ရှိစဉ် ကိုယ်တော်သည် ငါတို့ကိုအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ဝတ်ပြု 14:32 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။ Garrad Bible သန့် စေ ခြင်း အ တွက် ထိုက် သင့် ရာ လက် ဝယ် မ ရှိ သော နူ နာ အ မှတ် လ က္ခ ဏာ စွဲ သူ ဆိုင် ရာ ကား ထို သို့ တည်း ဟု မိန့် တော် မူ ၏။ Judson Bible ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေခြင်းငှာ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။ |
ငါတို့နိမ့်ကျလျက်ရှိစဉ် ကိုယ်တော်သည် ငါတို့ကိုအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
“အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
ထိုသူတတ်နိုင်သည့်ထဲမှ တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်အတူ ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။