ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ဝတ်ပြု 14:19 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယဇ်ပုရောဟိတ်သည် မစင်ကြယ်ခြင်းမှစင်ကြယ်စေခြင်းခံသောသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရန် အပြစ်ဖြေရာယဇ်ကိုပူဇော်ရမည်။ ထို့နောက်မှ မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။ Common Language Bible ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊- Garrad Bible ပ ရော ဟိတ် သည် အ ပြစ် ဖြေ ရာ သ က္ကာ ကို ဆက် ကပ် လျက်၊ သန့် စေ ခြင်း လို သော သူ၏ မ သန့် ခြင်း အ ဖို့ ဖြေ ခြင်း ကို ပြု ပြီး နောက် မီး ရှို့ ရာ သ က္ကာ ကို စီ ရင်၍၊ Judson Bible ထိုမှတစ်ပါး၊ စင်ကြယ်စေရသောသူအဖို့ အပြစ်ဖြေခြင်းငှာ၊ အပြစ်ဖြေရာယဇ်ကိုပူဇော်၍၊ နောက်တစ်ဖန် မီးရှို့ရာယဇ်ကောင်ကိုသတ်ရမည်။ |
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။