ယဇ်ပုရောဟိတ်သည် ဆီတစ်လောဃထဲမှ အချို့ကိုယူ၍ မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
ဝတ်ပြု 14:16 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏ယာဘက်လက်ချောင်းကို ဘယ်ဘက်လက်ဖဝါးထဲရှိဆီထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၌ ထိုဆီကို မိမိလက်ချောင်းဖြင့် ခုနစ်ကြိမ်ဖျန်းရမည်။ Common Language Bible လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။- Garrad Bible ဝဲ လက် ဝါး ရှိ ဆီ၌ ယာ လက် ချောင်း နှိုက် လျှက် ထာ ဝ ရ ဘု ရား ရှေ့ ခု နစ် ကြိမ် ဖျန်း ခြင်း၊ Judson Bible ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့်တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။ |
ယဇ်ပုရောဟိတ်သည် ဆီတစ်လောဃထဲမှ အချို့ကိုယူ၍ မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
မိမိ၏လက်ဖဝါးထဲမှ ကျန်သောဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မ၊ ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိလက်ချောင်းကို သွေးထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၊ ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်ရမည်။ သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ သန့်ရှင်းရာဌာန၏ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ဘိသိက်ဆီအချို့ကို ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှ၊ အင်တုံနှင့်အင်တုံ၏ခြေတိုင်တို့ကို သန့်ရှင်းစေရန် ဘိသိက်သွန်း၏။
ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန်ပြန်လာသောသူသည် ဤတစ်ပါးအမျိုးသားမှလွဲ၍ တစ်ဦးမျှမရှိသလော”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။