ဝတ်ပြု 13:59 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။ Garrad Bible သိုး ချည်၊ လျှော် ချည်၊ အ ဝတ် သော် လည်း ကောင်း၊ အ တိုင် အ ဖောက် သော် လည်း ကောင်း၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ သော် လည်း ကောင်း၊ သန့် မ သန့် ကြောင်း ဖော် ပြ နိုင် ရန် စွဲ ရောက် သော နူ နာ အ မှတ် လ က္ခ ဏာ ဆိုင် ရာ တ ရား ကား ထို သို့ တည်း ဟု မိန့် တော် မူ ၏။ Judson Bible ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှာ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။ |
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
လျှော်ပြီးသော အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ အနာပျောက်သွားလျှင် နောက်တစ်ခါ လျှော်ရမည်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
“အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
မစင်ကြယ်ချိန်၊ စင်ကြယ်ချိန်ကို ညွှန်ကြားပေးသော အနာကြီးရောဂါနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
ဤသည်ကား လင်နှင့်မယားအကြား၊ ဖခင်နှင့်ငယ်ရွယ်စဉ်ဖခင်အိမ်၌နေသောသမီးအကြား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပြဋ္ဌာန်းချက်များဖြစ်၏။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
ဤသည်ကား သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောတရား ဖြစ်၏။ မယားသည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေသဖြင့်