ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
ဝတ်ပြု 13:50 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အနာကိုကြည့်ရှုစစ်ဆေးပြီးလျှင် အနာစွဲနေသောပစ္စည်းကို ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ်ဆေးပြီး ခုနစ်ရက်သိမ်းထားရမည်။- Garrad Bible ပ ရော ဟိတ် သည် အ မှတ် လ က္ခ ဏာ ရှိ သော အ ရာ ကို ရှု ကြည့် ရာ ခု နစ် ရက် ပတ် လုံး လှောင် ထား ပြီး နောက်၊ Judson Bible ယဇ်ပုရောဟိတ်သည် အနာစွဲသောအဝတ်ကိုကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။ |
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
ထိုအနာသည် အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင် ဖြစ်နေလျှင် မှိုစွဲနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။
ခုနစ်ရက်မြောက်သောနေ့၌ အနာကိုကြည့်ရှုစစ်ဆေးရမည်။ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်ပြုလုပ်ထားသောပစ္စည်းတစ်ခုခု စသည်တို့၌ ပျံ့သွားလျှင် ထိုအနာသည် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုပစ္စည်းသည် မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် အိမ်ထဲမှ အိမ်တံခါးပေါက်သို့ထွက်လာ၍ အိမ်ကို ခုနစ်ရက်ပိတ်ထားရမည်။