အစ္စရေးလူမျိုးတို့ လမ်းလွဲသွားသောအခါ လေဝိအမျိုးသည်လည်း ငါနှင့်ဝေးသွားကြ၏။ ငါ့ထံမှလမ်းလွဲ၍ ရုပ်တုနောက်သို့ လိုက်ကြ၏။ သူတို့သည် ကိုယ့်အပြစ်ကိုယ်ခံကြရမည်။
ဝတ်ပြု 13:4 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။- Garrad Bible အ သား အ ရေ ၌ တောက် ထိန် ဖြူ ဆွတ်၍ အ မွေး မ ဖြူ ဘဲ အ သား အ ရေ ထက် မ နက် ဟု ထင် မြင် လျှင် မူ ကား ပ ရော ဟိတ် သည် အ မှတ် ရှိ သူ့ ကို ခု နစ် ရက် ပတ် လုံးလှောင် ထား ပြီး မှ၊ Judson Bible ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
အစ္စရေးလူမျိုးတို့ လမ်းလွဲသွားသောအခါ လေဝိအမျိုးသည်လည်း ငါနှင့်ဝေးသွားကြ၏။ ငါ့ထံမှလမ်းလွဲ၍ ရုပ်တုနောက်သို့ လိုက်ကြ၏။ သူတို့သည် ကိုယ့်အပြစ်ကိုယ်ခံကြရမည်။
ထိုသူ၏ကိုယ်ခန္ဓာအရေပြားပေါ်၌ ကြာမြင့်စွာစွဲနေပြီဖြစ်သောအနာကြီးရောဂါဖြစ်၏။ သူသည် မစင်ကြယ်။ ထို့ကြောင့် ယဇ်ပုရောဟိတ်သည် သူ့ကို သီးခြားထားစရာမလိုဘဲ မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အစက်အပြောက်ထဲရှိအမွေးသည်ဖြူသွား၍ ထိုအစက်အပြောက်သည် အရေပြားအောက်ရောက်နေဟန်ရှိလျှင် ၎င်းသည် အပူလောင်နာရှိသောနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးသောအခါ အစက်အပြောက်ထဲ၌ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်မရှိဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။
ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
ယဇ်ပုရောဟိတ်သည် ယားနာကိုကြည့်ရှုစစ်ဆေး၍ ထိုအနာသည် အရေပြားအောက်ရောက်နေဟန်မရှိ၊ အနာပေါ်ရှိအမွေးလည်း မမည်းလျှင် ယဇ်ပုရောဟိတ်သည် ယားနာဖြစ်နေသောသူအား ခုနစ်ရက် သီးခြားထားရမည်။
ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
ယဇ်ပုရောဟိတ်သည် အနာကိုကြည့်ရှုစစ်ဆေးပြီးလျှင် အနာစွဲနေသောပစ္စည်းကို ခုနစ်ရက် သီးခြားထားရမည်။
ယဇ်ပုရောဟိတ်သည် အိမ်ထဲမှ အိမ်တံခါးပေါက်သို့ထွက်လာ၍ အိမ်ကို ခုနစ်ရက်ပိတ်ထားရမည်။
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် မိရိအံကို တပ်စခန်းအပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေ၏။ မိရိအံကို ပြန်မခေါ်လာမီတိုင်အောင် လူတို့သည် ခရီးမပြုဘဲ နေကြ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
မေးမြန်းရှာဖွေ၍ အသေအချာစစ်ဆေးရမည်။ သင်တို့တွင် ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြောင်း မှန်ကန်သည်ဆိုလျှင်
လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။