တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အောက်ဖော်ပြပါပညတ်များကိုချ မှတ်ပေးတော်မူ၏။-
တစ် ဖန် မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။
ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။
ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။
အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။