ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
ဝတ်ပြု 11:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထိုအကောင်တို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်။ Common Language Bible သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။ Garrad Bible သင် တို့ အ ဖို့ မ သန့် သည့် အ လျောက် အ သား ကို မ စား ရ။ အ သေ ကောင် ကို လည်း မ ထိ ကြ ရ။ Judson Bible ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။ |
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
ဝက်သည် ခွာနှစ်ခြမ်းကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။
လူ၏ပြင်ပမှ လူ့အထဲသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ လူ့အတွင်းမှထွက်လာသောအရာများကသာ လူကိုညစ်ညူးစေကြ၏။
ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။
ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ၊ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။
အစားအစာသည် ဘုရားသခင်ရှေ့တော်၌ ငါတို့ကို မျက်နှာရစေလိမ့်မည်မဟုတ်။ မစားဘဲနေလျှင်လည်း အရှုံးမရှိ။ စားလျှင်လည်း အမြတ်မရ။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။