အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
ဝတ်ပြု 11:25 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ Garrad Bible အ သေ ကောင် ကို ဆောင် သွား သော သူ တိုင်း လည်း အ ဝတ် ဖွပ် လျှော် ၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ Judson Bible ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။ |
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
ထို့နောက် မောရှေသည် တောင်ပေါ်မှ လူတို့ထံသို့ ဆင်းလာ၍ လူတို့ကိုသန့်ရှင်းစေ၏။ သူတို့သည်လည်း မိမိတို့၏အဝတ်အစားများကိုလျှော်ကြ၏။
ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။
ခွာနှစ်ခြမ်းမကွဲသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်အားလုံးတို့သည် သင်တို့အဖို့ မစင်ကြယ်။ ၎င်းတို့ကိုထိသောသူအားလုံးတို့သည်လည်း မစင်ကြယ်။
ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ထိုသူကို နောက်တစ်ဖန်ကြည့်ရှုစစ်ဆေးရမည်။ အနာသည် ပါးသွား၍ အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် ပွေးဝဲယားနာဖြစ်၏။ ထိုသူသည် မိမိ၏အဝတ်ကို လျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအိမ်ထဲ၌ အိပ်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုအိမ်ထဲ၌စားသောက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
အရိအရွဲထွက်သူသည် ရိနာမှ စင်ကြယ်သောအခါ သူသည် မိမိ၏သန့်စင်ခြင်းအတွက် မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ခုနစ်ရက်စေ့လျှင် မိမိအဝတ်ကိုလျှော်၍ စမ်းရေဖြင့် ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ထိုသို့သောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုသူသည် ရေမချိုးလျှင် သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
နွားမတမ်း၏ပြာကို စုသိမ်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။ ဤသည်ကား အစ္စရေးအမျိုးသားဖြစ်စေ၊ သူတို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။
ထို့နောက် ယဇ်ပုရောဟိတ်သည် မိမိအဝတ်ကို လျှော်၍ ရေချိုးပြီးမှ တပ်စခန်းထဲသို့ ဝင်နိုင်၏။ သို့သော် ယဇ်ပုရောဟိတ်သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
နွားမတမ်းကို ရှို့သောသူသည် မိမိအဝတ်ကို လျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
သတ္တမနေ့၌ သင်တို့အဝတ်ကို လျှော်၍ သင်တို့စင်ကြယ်ပြီးမှ တပ်စခန်းတွင်းသို့ ဝင်ခွင့်ရှိ၏”ဟု ဆို၏။
ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်”ဟု ပြန်၍မိန့်တော်မူ၏။
ယခုမှာ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထလျက် ကိုယ်တော်၏နာမတော်ကို ပတ္ထနာပြု၍ ဗတ္တိဇံခံပြီး သင်၏အပြစ်များကိုဆေးကြောလော့’ဟု ဆိုလေ၏။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။