အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။
ဝတ်ပြု 11:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောအကောင်များဖြစ်သည့် အညိုရောင်ကျိုင်းကောင်အမျိုးမျိုး၊ အစိမ်းရောင်ကျိုင်းကောင်အမျိုးမျိုး၊ ပုရစ်အမျိုးမျိုးနှင့် နှံကောင်အမျိုးမျိုးတို့ကို သင်တို့စားခွင့်ရှိ၏။ Common Language Bible သင်တို့သည်ကျိုင်းကောင်၊ ပရစ်နှင့်နှံကောင်များ ကိုစားနိုင်သည်။- Garrad Bible ကျိုင်း အ မျိုး မျိုး၊ ပု စဉ်း အ မျိုး မျိုး၊ ပု ရစ် အ မျိုး မျိုး၊ နှံ ကောင် အ မျိုး မျိုး ကို စား အပ် ၏။ Judson Bible အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။ |
အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။
သို့ရာတွင် ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့ထဲမှ မြေကြီးပေါ်၌ခုန်ပျံရန် ခြေနှစ်ချောင်းထပ်ပါသည့်အကောင်များကို သင်တို့စားခွင့်ရှိ၏။
ခြေလေးချောင်းရှိ၍ ပျံတတ်သော ပိုးမွှားသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းကာ ကျိုင်းကောင်နှင့်တောပျားရည်တို့ကိုစားလျက်နေ၏။
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
ထိုမေလခိဇေဒက်နှင့်ပတ်သက်၍ ငါတို့တွင် ပြောစရာစကားများစွာရှိသော်လည်း သင်တို့သည် နားဝေးကြသောကြောင့် ရှင်းပြရန်ခက်၏။