အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ဝတ်ပြု 1:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ Garrad Bible မော ရှေ အား မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ ဒါ န တင် သွင်း ရာ နွား အုပ် မှ သော် လည်း ကောင်း၊ သိုး ဆိတ် မှ သော် လည်း ကောင်း၊ တစ် ကောင် ကောင် ကို ဆက် ကပ် စေ ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။ Judson Bible သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။ |
အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
သို့သော် သင်တို့သည် ‘လူတစ်ဦးက ဖခင်၊ သို့မဟုတ် မိခင်အား “အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်ပါပြီ”ဟူ၍ ပြောလျှင် ရ၏’ဟု ဆိုလျက်
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။