မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။
ဝတ်ပြု 1:11 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ကောင်ကို ယဇ်ပလ္လင်၏မြောက်ဘက်ခြမ်း ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ Common Language Bible သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။- Garrad Bible ထာ ဝ ရ ဘု ရား ရှေ့၊ ပူ ဇော် ရာ ပ လ္လင် တော် မြောက် မျက် နှာ တွင် စီ ရင် ခြင်း၊ အ ပိုင်း ပိုင်း ဖြတ် ခြင်း ပြု ပြီး လျှင် အ သွေး ကို ပလ္လင် တော် ဘေး ပတ် လည်၌ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သွန်း ပက် ကြ ပြီး မှ ပ ရော ဟိတ် သည် ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော၍ သား တစ်၊ ဦး ခေါင်း၊ ဆီ ဥ ပါ၊ ပ လ္လင် တော် ထက် ရှိ မီး ထင်း ပေါ်၌ စီ တင် လျက် တစ် ပုံ လုံး ကို ပူ ဇော် ဆက် ကပ် ရ မည်။ ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ မီး ရှို့ ရာ သ က္ကာ ဖြစ် သ တည်း။ Judson Bible ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ |
မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍
တစ်ဖန် ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဘုရားရှင်ထာဝရဘုရားက ‘ယဇ်ပလ္လင်ကို တည်ဆောက်ပြီးသောနေ့တွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်၊ အသွေးကို ဖျန်းရန် ယဇ်ပလ္လင်နှင့်ဆိုင်သောပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏’ဟု မိန့်တော်မူ၏။
ထိုအခါ “အချင်းလူသား၊ ယခု မြောက်ဘက်သို့ မျှော်ကြည့်လော့”ဟု မိန့်တော်မူသဖြင့် မြောက်ဘက်သို့ ငါမျှော်ကြည့်သော် မြောက်ဘက်၊ ယဇ်ပလ္လင်တံခါးအဝင်ဝတွင် ဝန်တိုခြင်းရုပ်တု စိုက်ထူထားသည်ကို တွေ့ရ၏။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
ထိုသိုးသငယ်အထီးကို အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ရာယဇ်ကောင်တို့ကိုသတ်သောနေရာဖြစ်သည့် သန့်ရှင်းသောနေရာ၌ သတ်ရမည်။ အကြောင်းမူကား အပြစ်ဖြေရာယဇ်ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်ပိုင်၍ အထူးသန့်ရှင်းသောအရာဖြစ်၏။
သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်ကောင်ကို သတ်ရမည်။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ ဤယဇ်သည် အလွန်သန့်ရှင်းသောယဇ်ဖြစ်၏။
အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။