ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
လုကာ 9:3 - မြန်မာ့စံမီသမ္မာကျမ်း “လမ်းခရီးအတွက် မည်သည့်အရာကိုမျှ မယူသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာနှင့် ငွေတို့ကိုလည်း မယူသွားကြနှင့်။ အင်္ကျီကိုလည်း အပိုမဆောင်ကြနှင့်။ Common Language Bible ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။- Garrad Bible လမ်း ခ ရီး အ ဖို့ မည် သည့် အ ရာ ကို မျှ မ ဆောင် ကြ နှင့်။ တောင် ၀ေး၊ လွယ် အိတ်၊ ရိ က္ခာ၊ ကြေး ငွေ၊ အင်္ကျီ နှစ် ထည် မ ပါ ရ။ Judson Bible သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ခရီးသွားစဉ် တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ငွေနှင့် အင်္ကျီအပိုစသည်တို့ကို ယူမသွားကြနှင့်။ မြန်မာ သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။- |
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီ၊ နှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
ထို့နောက် ကိုယ်တော်က“ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော”ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင်၍ စားသောက်နေကြ၏။
မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။
စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။