ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
လုကာ 9:12 - မြန်မာ့စံမီသမ္မာကျမ်း ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ Common Language Bible မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။ Garrad Bible နေ့ ကုန် လု သော် တစ် ဆယ့် နှစ် ပါး တို့ သည် ချဉ်း ကပ်၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား ရောက် တည်း ခို လျက် စား နပ် ရိ က္ခာ ရ ယူ ကြ စေ ရန် လူ ပ ရိ သတ် ကို လွှတ် တော် မူ ပါ။ ယ ခု နေ ရာ တော အ ရပ် ဖြစ် ပါ သည် ဟု လျှောက် ကြ လျင်၊ Judson Bible မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်းရောက်သောအခါ တပည့်တော်ဆယ့်နှစ်ပါးတို့သည် ယေရှုထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသည့်နေရာဖြစ်၏။ သို့ဖြစ်၍ လူထုပရိသတ်တို့သည် ပတ်ဝန်းကျင်အနီးရှိ ကျေးလက်ဒေသများသို့ သွား၍ တည်းခိုရာနေရာနှင့် အစားအသောက် ရှာနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- |
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
သို့သော် ကိုယ်တော်သည် သူ့ကိုတစ်ခွန်းမျှ ဖြေကြားတော်မမူ။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှလိုက်လာပြီး အော်ဟစ်နေပါသဖြင့် သူ့ကိုပြန်သွားစေတော်မူပါ”ဟု လျှောက်ကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍“ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ သူတို့ကိုဘာမျှမကျွေးဘဲ ပြန်သွားစေရန် ငါအလိုမရှိ။ ထိုသို့ပြန်စေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။
သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။