ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။
လုကာ 8:51 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် သူငယ်မ၏မိခင်ဖခင်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်ထဲသို့ဝင်ခွင့်ပြုတော်မမူ။ Common Language Bible ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။- Garrad Bible အိမ် သို့ ကြွ ရောက် ရာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ် တို့ နှင့် သူ ငယ် မ ၏ မိ ဘ တို့ ပြင် မည် သူ့ ကို မျှ ဝင် လိုက် ခွင့် ပြု တော် မ မူ။ Judson Bible အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတစ်ပါး အဘယ်သူကိုမျှ အထဲသို့မဝင်စေခြင်းငှာ ဆီးတားတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းကလေး၏မိဘများမှအပ မည်သူ့ကိုမျှအိမ်သို့ ဝင်ခွင့်ပေးတော်မမူ။ မြန်မာ အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတစ်ပါး အဘယ်သူကိုမျှ အထဲသို့မဝင်စေခြင်းငှာ ဆီးတားတော်မူ၏။- |
ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။
သူသည် အော်ဟစ်မည်မဟုတ်။ ကြွေးကြော်မည်မဟုတ်။ လမ်းပေါ်မှာ သူ့အသံကို ကြားရမည်မဟုတ်။
ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊
ယေရှုသည်ကြားလျှင်“မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ပြုလျှင် သူငယ်မသည် အကောင်းပကတိဖြစ်လိမ့်မည်”ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။
လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း“မငိုကြွေးကြနှင့်။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူရာ
ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။