ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
လုကာ 8:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။ Common Language Bible ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။- Garrad Bible ပတ် ဝန်း ကျင် ရှိ ဂေ ရ သေ န နယ် သူ နယ် သား အ ပေါင်း တို့ သည် အ လွန် ကြောက် ရွံ့၍ ထွက် ကြွ တော် မူ စေ ရန် တောင်း ပန် ကြ သည့် အ လျောက် လှေ ပေါ် သို့ တက် လျက် ပြန် ကြွ မည် ပြု တော် မူ စဉ်၊ Judson Bible ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါရစပြည်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့ကြသောကြောင့် သူတို့ထံမှ ထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။ ယေရှုသည်လည်း လှေပေါ်သို့ တက်၍ အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူ၏။ မြန်မာ ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထိုအခါ ယေရှုနှင့်တွေ့ဆုံရန် တစ်မြို့လုံးထွက်လာ၍ ကိုယ်တော်ကိုတွေ့မြင်ကြသောအခါ မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် တောင်းပန်ကြ၏။
ထိုအခါ သူတို့သည် မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
မျက်မြင်တွေ့ရှိခဲ့သူများကလည်း နတ်ဆိုးပူးသူ မည်ကဲ့သို့အကောင်းပကတိဖြစ်ခဲ့သည်ကို ထိုသူတို့အား ပြောပြကြ၏။
နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
မည်သူမျှ သင်တို့ကိုလက်မခံလျှင် ထိုမြို့မှထွက်သွားကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။
ယခု အကျွန်ုပ်တို့သည် အဘယ်ကြောင့် သေရပါမည်နည်း။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို ထပ်၍ကြားရလျှင် သေရပါလိမ့်မည်။ အကြောင်းမူကား ဤမီးတောက်ကြီးသည် အကျွန်ုပ်တို့ကို လောင်ကျွမ်းလိမ့်မည်။
ဗက်ရှေမက်မြို့သားတို့က “ဤသန့်ရှင်းသောဘုရားသခင် ထာဝရဘုရားရှေ့တော်တွင် မည်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် ငါတို့ထဲမှ မည်သူ့ထံသို့ ကြွတော်မူပါမည်နည်း”ဟု ပြောဆိုကြ၏။