အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 8:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကုန်း ပေါ် သို့ တက် ကြွ တော် မူ ခိုက် နတ် အ များ ပူး၍ ကာ လ ရှည် စွာ အ ဝတ် မ ကပ် ဘဲ အိမ် တွင် မ နေ၊ သင်္ချိုင်း ဂူ များ တွင် သာ နေ ထိုင် သော ထို မြို့ သား တစ် ယောက် ဆီး ကြို လေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် ကမ်း​ပေါ်​သို့ ကြွတော်မူ​သောအခါ နတ်ဆိုးပူးသော​မြို့သား​တစ်ဦး​သည် ယေရှု​နှင့် တွေ့​ရန်​လာ၏။ ထို​သူ​သည် နှစ်ပေါင်း​များစွာ အိမ်​တွင်​မနေဘဲ အဝတ်​ဗလာ​နှင့် သင်္ချိုင်းဂူများ​တွင် နေလေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-

အခန်းကိုကြည့်ပါ။



လုကာ 8:27
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် သင်္ချိုင်း​များ​တွင်​ထိုင်​ကြ​၏​။ ကွယ်​ရာ​အရပ်​တို့​၌ ညအိပ်​ကြ​၏​။ ဝက်​သား​ကို​စား​ကြ​၏​။ သူ​တို့​ခွက်​များ​ထဲ၌ ရွံရှာဖွယ်​အသားပြုတ်ရည်​ရှိ​၏​။


လယ်ယာ​၌​နေ​သော​သူ​မည်သူမဆို ဓား​ဖြင့်​အသတ်ခံရ​သော​သူ​ကို​ဖြစ်စေ​၊ အလိုလို​သေ​သော​သူ​ကို​ဖြစ်စေ​၊ လူသေအရိုး​ကို​ဖြစ်စေ​၊ သင်္ချိုင်းဂူ​ကို​ဖြစ်စေ ထိမိ​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။


ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။


ထို့နောက် သူ​တို့​သည် ဂါလိလဲ​နယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့ ဆက်၍​ရွက်လွှင့်​ကြ​၏။


သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။


သူ​သည် မင်းဝတ်တန်ဆာ​များ​ကို ချွတ်​၍ ရှမွေလ​ရှေ့​တွင် ပရောဖက်ပြု​လေ​၏​။ ထို​နေ့​တစ်နေ့လုံး​၊ ထို​ည​တစ်ညလုံး သူ​သည် အဝတ်အချည်းစည်း​ဖြင့် လှဲ​နေ​၏​။ ထို့ကြောင့် “​ရှောလု​မင်းကြီး​သည်​လည်း ပရောဖက် တစ်​ပါး​ပေလော​”​ဟု ဆိုစမှတ်​ရှိ​လေ​၏​။