“မယ်တော်အား လျှောက်တင်စရာစကား ရှိပါ၏”ဟုဆိုလျှင် ဗာသရှေဘက “လျှောက်တင်ပါ”ဟု ဆို၏။
လုကာ 7:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။ Common Language Bible ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ Garrad Bible ယေ ရှု က အို ရှိ မုန်၊ သင့် အား ငါ ပြော ရန် ရှိ သည် ဟု မိန့် တော် မူ သော် ဆ ရာ မိန့် တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊ Judson Bible ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ထိုသူအား “ရှိမုန်… ငါသည် သင့်အားပြောစရာတစ်ခုရှိ၏” ဟူ၍ မိန့်တော်မူလျှင် ရှိမုန်ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။ မြန်မာ ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊- |
“မယ်တော်အား လျှောက်တင်စရာစကား ရှိပါ၏”ဟုဆိုလျှင် ဗာသရှေဘက “လျှောက်တင်ပါ”ဟု ဆို၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
ယေရှုကလည်း“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
ကိုယ်တော်သည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူသဖြင့် လက်သေသောသူအား“ထ၍ အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူရာ သူသည်ထ၍ မတ်တတ်ရပ်လေ၏။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ယေရှုကလည်း“ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။
ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင်“ ‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟု ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။
ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
သူသည် ညအခါ ယေရှုထံသို့လာ၍ “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတူပါရှိတော်မမူလျှင် ကိုယ်တော်ပြုနေသော ဤနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။