ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
လုကာ 7:10 - မြန်မာ့စံမီသမ္မာကျမ်း စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါးကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။ Common Language Bible တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။ Garrad Bible လွှတ် လိုက် သူ တို့ သည် အိမ် သို့ ပြန် ရောက် လျှင် ကျွန် ကျန်း မာ သည် ကို တွေ့ မြင် ကြ၏။ Judson Bible တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပ်မှူး စေလွှတ်သောမိတ်ဆွေများသည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအစေခံသည် ကျန်းမာလျက်ရှိကြောင်းကို တွေ့မြင်ကြ၏။ မြန်မာ တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။ |
ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
ထို့နောက် ယေရှုသည် တပ်မှူးအား“သွားလော့။ သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် သူ၏ငယ်သားသည် ကျန်းမာလာလေ၏။
ယေရှုကလည်း“တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။
ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ“သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ”ဟု မိန့်တော်မူ၏။