မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍ ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
လုကာ 6:42 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိမျက်စိထဲမှ သစ်တုံးကိုမမြင်ဘဲ ‘ညီအစ်ကို၊ သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု သင့်ညီအစ်ကိုအား မည်သို့ပြောနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။ Common Language Bible အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ မြင် ဘဲ ညီ အစ် ကို သင့် မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ပါ ရ စေ ဟု ညီ အစ် ကို အား မည် သို့ ဆို ဝံ့ မည် နည်း။ အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့။ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။ Judson Bible ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏မျက်စိထဲက သစ်တုံးကို မမြင်နိုင်ဘဲ ‘မိတ်ဆွေ… သင့်မျက်စိထဲက သစ်မှုန်စကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်မိတ်ဆွေအား အဘယ်ကြောင့်ပြောရသနည်း။ သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။ မြန်မာ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။ |
မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍ ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
သင်သည် မိမိမျက်စိ၌သစ်တုံးရှိလျက်ပင် သင့်ညီအစ်ကိုအား ‘သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု မည်သို့ပြောနိုင်မည်နည်း။
သခင်ဘုရားကလည်း“သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိတို့နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ဆောင်သွားကြသည်မဟုတ်လော။
သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။
သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
မကောင်းသောအသီးကိုသီးသော ကောင်းသည့်အပင်မရှိ။ ကောင်းသောအသီးကိုသီးသော မကောင်းသည့်အပင်လည်းမရှိ။
“အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။
သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။