သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
လုကာ 6:39 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့အားပုံဥပမာတစ်ခု မြွက်ဆိုတော်မူသည်မှာ“မျက်မမြင်သည် မျက်မမြင်ကို လမ်းပြနိုင်သလော။ နှစ်ဦးစလုံးတွင်းထဲသို့ကျကြလိမ့်မည်မဟုတ်လော။ Common Language Bible ထိုနောက်ကိုယ်တော်သည်ထိုသူတို့အားပုံဥပမာ ဆောင်၍ ``မျက်မမြင်သည်အခြားမျက်မမြင် ကိုလမ်းပြနိုင်သလော။ ထိုသူနှစ်ဦးလုံးပင် တွင်းထဲသို့လိမ့်ကျမည်မဟုတ်လော။- Garrad Bible ၎င်း ပြင်၊ ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ သူ ကန်း သည် သူ ကန်း ကို လမ်း ပြ နိုင် သ လော။ နှစ် ဦး လုံး ပင်၊ တွင်း ထဲ သို့ ကျ ရောက် မည် မ ဟုတ် လော။ Judson Bible ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သူတို့အား ပုံဥပမာပေး၍ မိန့်တော်မူသည်မှာ “မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးအား လမ်းပြနိုင်သလော။ ထိုသို့ပြုလျှင် ထိုသူနှစ်ဦးလုံး တွင်းထဲသို့ ကျလိမ့်မည် မဟုတ်လော။ မြန်မာ ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။- |
သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
လမ်းပြပေးသောထိုသူတို့သည် လူမျိုးတော်ကိုလမ်းလွဲစေသောသူများပေတည်း။ သူတို့လမ်းပြရာနောက်သို့လိုက်သောသူတို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
အချင်းမြွေတို့၊ မြွေဆိုးအမျိုးတို့၊ သင်တို့သည် ငရဲ၌အပြစ်စီရင်ခံရခြင်းမှ မည်ကဲ့သို့လွတ်မြောက်နိုင်ကြမည်နည်း။
ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။