သို့သော် သူသည် မိမိဘိုးဘေးတို့၏မျိုးဆက်ရှိရာအရပ်တည်းဟူသော အလင်းကိုမည်သည့်အခါမျှမမြင်ရသည့်အရပ်သို့ ရောက်သွားလိမ့်မည်။
လုကာ 6:25 - မြန်မာ့စံမီသမ္မာကျမ်း ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်ကြလိမ့်မည်။ ယခု ရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။ Common Language Bible ``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။ Garrad Bible ယ ခု ဝ ပြော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မွတ် သိပ် ရ ကြ လ တ္တံ့။ ယ ခု ရယ် မော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မြည် တမ်း ငို ကြွေး ရ ကြ လ တ္တံ့။ Judson Bible ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆာလောင်ငတ်မွတ်ရမည့်အချိန်ကာလ ရောက်လာမည်ဖြစ်သောကြောင့်ပင်။ ယခုရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝမ်းနည်းငိုကြွေးရမည်ဖြစ်သောကြောင့်ပင်။ မြန်မာ ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။- |
သို့သော် သူသည် မိမိဘိုးဘေးတို့၏မျိုးဆက်ရှိရာအရပ်တည်းဟူသော အလင်းကိုမည်သည့်အခါမျှမမြင်ရသည့်အရပ်သို့ ရောက်သွားလိမ့်မည်။
ရယ်မောလျက်နေစဉ်ပင် စိတ်နှလုံးသည် နာကျင်နေတတ်၏။ ဝမ်းမြောက်ခြင်း၏အဆုံး၌လည်း ပူဆွေးခြင်းရှိတတ်၏။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
ရယ်မောခြင်းသည် “ရူးသွပ်ခြင်းဖြစ်၏” ဟူ၍လည်းကောင်း၊ အပျော်အပါးသည် “မည်သည့်အကျိုးရှိသနည်း” ဟူ၍လည်းကောင်း ငါဆို၏။
ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။
အကြောင်းမူကား မိုက်မဲသောသူ၏ရယ်မောသံသည် အိုးအောက်မှလောင်နေသောဆူးခက်များ၏အသံနှင့်တူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
ထို့ကြောင့် အရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အစေအပါးတို့စားရသော်လည်း သင်တို့ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ ငါ့အစေအပါးတို့သောက်ရသော်လည်း သင်တို့ရေငတ်ကြလိမ့်မည်။ ငါ့အစေအပါးတို့ဝမ်းမြောက်ရသော်လည်း သင်တို့အရှက်ကွဲကြလိမ့်မည်။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
သို့သော် ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မိမိတို့ခံစားရမည့်နှစ်သိမ့်မှုကိုရရှိကြပြီဖြစ်၏။
လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များအပေါ် ထိုနည်းတူပြုကြ၏။
သူတို့သည် သူငယ်မ သေဆုံးပြီဖြစ်ကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။
သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။
ကြွယ်ဝသောသူတို့သည် စားသောက်ရဖို့ သူရင်းငှား လုပ်ရလေပြီ။ ဆာလောင်မွတ်သိပ်သောသူတို့မူကား ဝလင်ကြပြီ။ မြုံသောမိန်းမသည် ခုနစ်ကြိမ်တိုင်အောင် သားဖွားခွင့်ရပြီ။ သားများစွာဖွားခဲ့သောမိန်းမမူကား အားယုတ်လေပြီ။