တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
လုကာ 6:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲအချို့တို့က “သင်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ဆိုကြ၏။ Common Language Bible ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။ Garrad Bible ဖာ ရိ ရှဲ အ ချို့ က၊ ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို အ ဘယ် ကြောင့် ပြု သ နည်း ဟု မေး ကြ သော်၊ Judson Bible ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲတချို့က “သင်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့် ပြုကြသနည်း” ဟု မေးကြ၏။ မြန်မာ ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊- |
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။
“သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။
ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
လူအချို့တို့က “ယောဟန်၏တပည့်များသည် မကြာခဏ အစာရှောင်၍ ဆုတောင်းခြင်းအမှုကိုပြုကြသည်။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြသည်။ ကိုယ်တော်၏တပည့်တော်တို့မူကား စားသောက်လျက်နေကြပါသည်တကား”ဟု လျှောက်ကြ၏။
ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။