ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
လုကာ 6:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။ Common Language Bible ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။- Garrad Bible သူ တို့ နှင့် တ ကွ လွင် ပြင် သို့ ဆင်း ကြွ လျက် ရပ် တော် မူ သော် ကြီး စွာ သော တ ပည့် တော် ပ ရိ သတ် ပြင် ယေ ရု ရှ လင် မြို့၊ ယု ဒ ပြည် အ ရပ် ရပ်၊ ပင် လယ် ကမ်း နား ရှိ တု ရု၊ ဇိ ဒုန် နယ် များ မှ ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း ရောက် လာ ကြ သော လူ အ မြောက် အ မြား ရှိ နေ လျက်၊ Judson Bible ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှာလည်းကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သူတို့နှင့်အတူ တောင်ပေါ်မှဆင်း၍ မြေပြန့်နေရာသို့ ရောက်သောအခါ ရပ်တော်မူ၏။ ထိုနေရာတွင် တပည့်တော်စုကြီးအပါအဝင် ယုဒပြည်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့မှလည်းကောင်း ရောက်လာကြသော လူအမြောက်အမြားရှိ၏။ မြန်မာ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှာလည်းကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။- |
ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၏နယ်မြေဒေသများသို့ ကြွတော်မူ၏။
ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။
သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
ယာကုပ်၏သားယုဒနှင့် သစ္စာဖောက်သောသူဖြစ်သွားသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
သူတို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့ရောဂါများငြိမ်းစေခြင်းကိုခံယူရန် ရောက်လာသူများဖြစ်ကြ၏။ ညစ်ညူးသောနတ်တို့၏ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း အကောင်းပကတိဖြစ်လာကြ၏။