Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:17 - မြန်မာ

17 ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သူ တို့ နှင့် တ ကွ လွင် ပြင် သို့ ဆင်း ကြွ လျက် ရပ် တော် မူ သော် ကြီး စွာ သော တ ပည့် တော် ပ ရိ သတ် ပြင် ယေ ရု ရှ လင် မြို့၊ ယု ဒ ပြည် အ ရပ် ရပ်၊ ပင် လယ် ကမ်း နား ရှိ တု ရု၊ ဇိ ဒုန် နယ် များ မှ ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း ရောက် လာ ကြ သော လူ အ မြောက် အ မြား ရှိ နေ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် ကိုယ်တော်​သည် သူ​တို့​နှင့်အတူ တောင်​ပေါ်မှ​ကြွဆင်း​လာ​၍ မြေပြန့်​အရပ်​တွင် ရပ်​တော်မူ​၏။ ထို​နေရာ​၌ တပည့်​တော်​တို့​၏​အစုအဝေး​ကြီး​မှစ၍ ယုဒ​နယ်​အရပ်ရပ်​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​မှ​လည်းကောင်း လာ​ကြ​သော လူ​အမြောက်အမြား​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့နောက် ယေရှု​သည် သူတို့​နှင့်အတူ တောင်ပေါ်​မှ​ဆင်း​၍ မြေပြန့်​နေရာ​သို့ ရောက်​သောအခါ ရပ်တော်မူ၏။ ထို​နေရာ​တွင် တပည့်တော်စုကြီး​အပါအဝင် ယုဒပြည်​နှင့် ဂျေရုဆလင်မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တို့​မှ​လည်းကောင်း ရောက်လာကြသော လူ​အမြောက်အမြား​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:17
14 ပူးပေါင်းရင်းမြစ်များ  

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-


ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-


ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။


ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊-


ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။-


သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။-


ထို​နေ့​ရက်​ကာ​လ၌ ကိုယ်​တော်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ တောင်​ပေါ်​သို့​ကြွ၍ ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် တစ်​ည​လုံး​နေ​တော်​မူ၏။-


ယာ​ကုပ်၏​ညီ​ယု​ဒ​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တည်း​ဟူ​သော တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ရွေး​ကောက်၍ တ​မန်​တော်​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။


ညစ်​ညူး​သော​နတ် ညှဉ်း​ဆဲ​သော​သူ​တို့​သည်​လည်း လာ၍ ချမ်း​သာ​ရ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ