ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
လုကာ 6:15 - မြန်မာ့စံမီသမ္မာကျမ်း မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသောရှိမုန်၊ Common Language Bible မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်၊ မျိုး ချစ်စိတ်ထက်သန်သူရှိမုန်၊- Judson Bible မဿဲနှင့် သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊ မြန်မာ မဿဲနှင့် သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊- |
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်
ထို့နောက် ကိုယ်တော်သည် ထွက်ခွာသွား၍ အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် လေဝိအမည်ရှိ အခွန်ကောက်ခံသူတစ်ဦးကိုမြင်သဖြင့်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော်
ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊
ယာကုပ်၏သားယုဒနှင့် သစ္စာဖောက်သောသူဖြစ်သွားသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။
တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ဒိဒုမုဟုခေါ်သည့် သောမကား ယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိခဲ့ချေ။
သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။
သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။