ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
လုကာ 6:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဂျုံနှံများကိုဆွတ်ခူး၍ လက်နှင့်ပွတ်နယ်ပြီးစားကြ၏။ Common Language Bible ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။- Garrad Bible ဥ ပုသ် နေ့ တွင် လယ် ကွက် များ ကို ဖြတ် ကြွ တော် မူ စဉ်၊ တ ပည့် တော် တို့ သည် စ ပါး နှံ များ ကို ဆွတ် ခူး ပွတ် နယ် လျက် သုံး ဆောင် ကြ ရာ၊ Judson Bible ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် ဂျုံခင်းများကိုဖြတ်လျက် ကြွတော်မူစဉ် တပည့်တော်တို့က ဂျုံနှံများကိုခြွေဆွတ်၍ လက်နှင့်ချေကာ စားကြ၏။ မြန်မာ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။- |
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောသီးနှံအစည်းကို သင်တို့ယူဆောင်လာသောနေ့ဖြစ်သည့် ဥပုသ်နေ့၏နောက်တစ်နေ့မှစ၍ မိမိဘာသာမိမိ ဥပုသ်ခုနစ်ပတ်ပြည့်သည်အထိ ရေတွက်ရမည်။
ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
စပျစ်ဝိုင်အဟောင်းကို သောက်ပြီးသောသူသည်လည်း ‘စပျစ်ဝိုင်အဟောင်းသည် ကောင်း၏’ဟု ဆိုလျက် စပျစ်ဝိုင်အသစ်ကို သောက်လိုစိတ်မရှိတတ်”ဟု မိန့်တော်မူ၏။
အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေသောသူတစ်ဦးလည်းရှိ၏။
သင်သည် ရက်သတ္တပတ်ခုနစ်ပတ်ကို မိမိဘာသာမိမိရေတွက်ရမည်။ ကောက်ပဲသီးနှံစတင်ရိတ်သိမ်းချိန်မှစ၍ ရေတွက်ရမည်။
သင်သည် မိမိအိမ်နီးချင်း၏ကောက်ပဲသီးနှံခင်းထဲသို့ဝင်သောအခါ အနှံများကို သင့်လက်ဖြင့်ဆွတ်ခူးခွင့်ရှိ၏။ သို့သော် သင့်အိမ်နီးချင်း၏ကောက်ပဲသီးနှံကို တံစဉ်ဖြင့်မရိတ်ရ။