Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အခြား​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထို​နေရာ​၌ လက်ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 အ​ခြား​သော​ဥ​ပုသ်​နေ့​တစ်​နေ့​၌​သ​ခင်​ယေ​ရှု သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင်​ညာ​လက်​သေ​သူ တစ်​ယောက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ ခြား သော ဥ ပုသ် နေ့၌ ဓ မ္မာ ရုံ သို့ ဝင်၍ ဒေ သ နာ ပေး တော် မူ သော် လက်ျာ လက် သေ ခြောက် လျက် နေ သော သူ တစ် ယောက် ရှိ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 အခြားသော​ဥပုသ်နေ့​တစ်နေ့​တွင် ယေရှု​သည် ဂျူးဝတ်ပြုဆောင်​သို့​ဝင်​၍ သွန်သင်တော်မူ၏။ ထို​နေရာ​၌ လက်ယာ​လက်​သေသော​သူ​တစ်ဦး ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:6
14 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​လူ​သည် ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​အား ဆန့်ကျင်​ကြွေးကြော်​ခဲ့​သော​စကား​များ​ကို ယေရောဗောင်​မင်းကြီး​ကြား​လျှင် သူ​သည် ယဇ်ပလ္လင်​ပေါ်တွင်​ရပ်​လျက် လက်​ကို​ဆန့်​ပြီး “​သူ့​ကို ဖမ်း​ကြ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုသို့​ဆန့်​လိုက်​သော​လက်​သည် ခြောက်သွား​သဖြင့် ပြန်ရုပ်​၍​မ​ရ​တော့​ချေ​။


သိုး​တို့​ကို​ပစ်ထား​သည့် အသုံးမကျ​သော​သိုးထိန်း​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၏​လက်မောင်း​နှင့် သူ​၏​ယာဘက်​မျက်လုံး​သည် ဓား​ထိုး​ခံရ​၍ သူ့​လက်မောင်း​သည် အကြောသေ​ပြီး ယာဘက်​မျက်လုံး​သည် ကွယ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။


ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေး​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင်


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့​သို့​ဆင်းသွား​၍ ဥပုသ်နေ့​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။


တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဂျုံနှံ​များ​ကို​ဆွတ်ခူး​၍ လက်​နှင့်​ပွတ်နယ်​ပြီး​စား​ကြ​၏။


“လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ