နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။
လုကာ 5:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။ Common Language Bible တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။- Garrad Bible တစ် ရံ တစ် ခါ၌ ဂ င်္နေ သ ရက် အိုင် နား တွင် ရပ် နေ တော် မူ သော ကိုယ် တော့် ထံ ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ ရန်၊ လူ အ မြောက် အ မြား တို့ တိုး လာ ကြ စဉ်၊ Judson Bible တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။ မြန်မာ တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။- |
နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။
ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။
လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။
တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင် သွန်သင်တော်မူရာ အလွန်များပြားသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် ပင်လယ်ကမ်းစပ်ရှိလှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ပင်လယ်ကမ်းပေါ်တွင်ရှိနေကြ၏။
ထို့ကြောင့် ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြပြီး ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ကိုယ်တော်သည် ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှဆင်း၍ ပိုက်ကွန်များကိုဆေးကြောနေကြ၏။
တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင်“အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။
သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။
ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။
ထိုအခါ ယေရှုက“ငါ့ကို မည်သူတို့ထိသနည်း”ဟု မေးတော်မူလျှင် အားလုံးကငြင်းဆိုကြ၏။ ပေတရုက “သခင်၊ လူထုပရိသတ်သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်”ဟု လျှောက်လေ၏။
ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သွားသောသူနှစ်ဦးထဲမှတစ်ဦးသည် ရှိမုန်ပေတရု၏ညီအန္ဒြေဖြစ်၏။
ဂျော်ဒန်မြစ်ဖြင့်နယ်နိမိတ်ပိုင်းခြားထားသည့်အရာဗလွင်ပြင်အထိ ငါပေး၏။ ထိုအရာဗလွင်ပြင်သည် ဂင်နေသရက်အိုင်မှ အရှေ့ဘက်ပိသဂါတောင်ခြေရှိ ဆားပင်လယ်ဟုခေါ်သော အရာဗပင်လယ်အထိကျယ်ပြန့်၏။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
အရာဗလွင်ပြင်မှ ဂင်နေသရက်အိုင်အရှေ့ဘက်အထိ၊ ဆားပင်လယ်ဟုခေါ်သောအရာဗပင်လယ်မှ အရှေ့ဘက်ဗက်ယေရှိမုတ်မြို့အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ၊
ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။