သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
လုကာ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``လူသည်အစားအစာအားဖြင့် သာအသက်ရှင်ရမည်မဟုတ်ဟုကျမ်းစာတော် တွင်ပါရှိ၏'' ဟုပြန်လည်မိန့်ကြားတော်မူ၏။ Garrad Bible ယေ ရှု က၊ လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “ကျမ်းစာ၌ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည်မဟုတ်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ရမည်နည်းဟုဆိုလျက် မစိုးရိမ်ကြနှင့်။
ထို့နောက် ကိုယ်တော်က“ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော”ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍
ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်ဘဲ ထာဝရဘုရား၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်သည်ကို သင်သိမြင်မည့်အကြောင်း ကိုယ်တော်သည် သင့်ကိုနှိမ့်ချလျက် ငတ်မွတ်စေပြီး သင်မသိ၊ သင်၏ဘိုးဘေးတို့လည်းမသိသော မန္နမုန့်ဖြင့် သင့်အားကျွေးမွေးတော်မူခဲ့၏။