သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
လုကာ 3:33 - မြန်မာ့စံမီသမ္မာကျမ်း နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊ Common Language Bible နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။- Garrad Bible နာ ရှုန် သည် အ မိ န ဒပ် သား၊ အ မိ န ဒပ် သည် အဒ် မိန့် သား၊ အဒ် မိန် သည် အ ရံ နိ သား၊ အ ရံ နိ သည် ဟေ ဇ ရုံ့ သား၊ ဟေ ဇ ရုံ သည် ဖာ ရက် သား၊ ဖာ ရက် သည် ယု ဒ သား။ Judson Bible နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊ မြန်မာ နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊- |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။
ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊
ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိနဒပ်၏သား နာရှုန်၏ပူဇော်သက္ကာများ ဖြစ်၏။
ဒါဝိဒ်သည် ယေရှဲ၏သား၊ ယေရှဲသည် ဩဗက်၏သား၊ ဩဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သား၊
ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇက်၏သား၊ ဣဇက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊
ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။