သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
လုကာ 24:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။ Common Language Bible ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။- Garrad Bible ထို အ ခြင်း အ ရာ ကြောင့် စိတ် ရှုပ် ထွေး လျက် ရှိ နေ ကြ စဉ် တောက် ပ သော ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး တို့ သည် ထင် ရှား ပြီး လျှင်၊ Judson Bible ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။ မြန်မာ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- |
သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။
အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။
ထိုသို့ ကိုယ်တော်တက်သွားတော်မူစဉ် သူတို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်နေကြရာ ဖြူဖွေးသောအဝတ်ကိုဝတ်ဆင်ထားသော လူနှစ်ဦးတို့သည် သူတို့အနီး၌ရပ်၍
ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။