သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။
လုကာ 22:29 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့် Common Language Bible ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။- Garrad Bible ငါ့ အား နိုင် ငံ တော် ကို ခ မည်း တော် လွှဲ အပ် တော် မူ သည့် နည်း တူ ထို နိုင် ငံ တော် တွင် စား ပွဲ တော် ထိုင် လျက် စား သောက် ခွင့် ကို ငါ လွှဲ အပ် သည့် အ လျောက် သင် တို့ သည် ပ လ္လင် များ ထက် ထိုင် လျက် ဣ သ ရေ လ ဆယ့် နှစ် နွယ် ကို တ ရား စီ ရင် ရ ကြ လ တ္တံ့။ Judson Bible ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အား အပ်သည့်အတိုင်း ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်၏။ မြန်မာ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊- |
သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။
ပြိုင်ပွဲဝင်သောသူတိုင်းသည် အရာရာ၌ မိမိကိုယ်ကိုချုပ်တည်းတတ်၏။ သူတို့သည် ယိုယွင်းပျက်စီးတတ်သော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ ငါတို့မူကား ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။
သင်တို့အတွက် ငါတို့၏မျှော်လင့်ခြင်းသည်လည်း ခိုင်မြဲလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဒုက္ခဝေဒနာကို မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။