ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။
ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။-
ထို ကျေး လက် စား ကျက်၌ သိုး အုပ် ကို ညဉ့် အ ခါ စောင့် ကြည့် ထိန်း ကျောင်း သော သိုး ထိန်း တို့ ရှိ ကြ ရာ၊
ထိုပြည်မှာ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊-
ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၏။ သူတို့သည် ညအခါ ကွင်းပြင်များ၌ သိုးများကို စောင့်နေကြ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သိုးထိန်းမရှိသောကြောင့် ငါ့သိုးတို့သည် သားကောင်များဖြစ်သွားရပြီ။ တောရိုင်းတိရစ္ဆာန်တို့၏အစာဖြစ်ရပြီ။ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မရှာဖွေ။ ငါ့သိုးတို့ကို မထိန်းကျောင်း၊ သူတို့ကိုယ်ကိုသာ ကြည့်ရှု၏’ဟု မိန့်တော်မူ၏။
သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။