အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
လုကာ 2:49 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။ Common Language Bible သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။- Garrad Bible အ ဘယ် ကြောင့် ရှာ ကြ သ နည်း။ ခ မည်း တော်၏ ဗိ မာန် တွင် အ ကျွန်ုပ် ရှိ နေ သင့် ကြောင်း မ သိ ကြ လော ဟု ပြန် ၍ မေး တော် မူ သော်၊ Judson Bible ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “အဘယ်ကြောင့် အကျွန်ုပ်ကို ရှာကြသနည်း။ အကျွန်ုပ်သည် ခမည်းတော်၏အိမ်တော်၌ ရှိနေရမည်ကို မသိကြသလော” ဟု ပြန်ဖြေလေ၏။ မြန်မာ ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ
မိဘတို့သည် သူ့ကိုတွေ့သောအခါ အံ့အားသင့်၍ မယ်တော်က “ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုရသနည်း။ သင့်ဖခင်နှင့်ငါသည် သင့်ကိုစိုးရိမ်တကြီးရှာခဲ့ရ၏”ဟု ဆိုလေ၏။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
သို့ရာတွင် ယေရှုက“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။
အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်၏။
ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။
ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို နေ့အချိန်ရှိစဉ် လုပ်ဆောင်ရမည်။ မည်သူမျှအလုပ်မလုပ်နိုင်သော ညအချိန်ရောက်လာလိမ့်မည်။